Back to Top

Harvest Moon

0 comments


ခုတလော Group ထဲမှာ စိုက်ပျိုးရေးအသံလေးတွေ ဟိုနားတဖုံ ဒီနားတဖုံ မြင်နေရလို့
တွေ့တဲ့နေရာတိုင်းမှာ ကျွန်တော် လင့်တွေပေး လုပ်ပုံလုပ်နည်းတွေ ပြောပြခဲ့ပါတယ် . . .
ဒါပေမဲ့ ကွန်မန့်တွေမှာပေးတာတွေဖြစ်တာကြောင့် အောက်ရောက်သွားတဲ့အခါ .. ဒါမှမဟုတ် ..
ကြာတဲ့အခါကျရင် ပျောက်ပျောက်သွားပြန်တယ် ။ ဒါကြောင့် လိုချင်တဲ့သူ ၀င်ယူလို့ရအောင်
Doc အနေနဲ့လုပ်ပြီး တင်ပေးလိုက်ပါတယ် ။
စိုက်ပျိုးရေးဆိုတဲ့ ဂိမ်းလေးကို ဂိမ်းသမား တော်တော်များများ မစိမ်းကြပါဘူး ။
ကျွန်တော်တို့ ခပ်ငယ်ငယ်က သည်းကြီးမည်းကြီးကစားခဲ့တဲ့ PlayStation One မှာ စခဲ့တဲ့ဂိမ်းလေးပါ ။
အခု အဲ့ဒီဂိမ်းလေးကို Android Phone တွေ PC တွေပေါ်မှာ ကစားလို့ရအောင် ပြောပြမှာပါ ။

ပထမဆုံး Android ဖုန်းတွေပေါ်မှာ ကစားဖို့ အရင်စပါမယ် ။ နည်းလမ်းနှစ်မျိုးနဲ့ ကျွန်တော်တင်ပေးပါ့မယ် ။ Root လုပ်ထားတဲ့ဖုန်းတွေအတွက်ရော Root မလုပ်ထားတဲ့ ဖုန်းတွေအတွက်ရောပေါ့ ။ ကဲ စကြရအောင် ။ စမယ်ဆိုတော့ လိုအပ်တာတွေ
ဒေါင်းရတော့မှာပေါ့ ။ MPT ရဲ့ ကျေးဇူးတရားများကို စိတ်ထဲမှာမှတ် ။ အသက်အောင့်ပြီးသား ဒေါင်းဗျို့ ... :D

အခုစမဲ့ နည်းလမ်းက Rooted Phone တွေအတွက်ပါ ။
ပထမဆုံး Emulator ဒေါင်းပါမယ် . . . Rooted Phone တွေအတွက် နည်းနည်းပိုကောင်းတဲ့ Emulator လေးကို ရွေးထားပါတယ် ။ FPse emulator ပါ . သူက လိုင်စင်နဲ့သုံးရတာဖြစ်ပြီး လိုင်စင်ကို ဖျက်ပြီးသုံးမှာမို့ ဖုန်းဟာ Root လုပ်ထားဖို့လိုအပ်တာပါ ။

FPse Emulator ဒေါင်းရန် >>
"https://copy.com/IsiqU3JpZjJl" >Copy Download Link
"http://www.mediafire.com/download/8qx02kf8nb8uc7j/FPSE.zip" >Mediafire Download Link

Emulator ဒေါင်းပြီးသွားပြီဆိုရင် bios ဖိုင် ဒေါင်းရပါမယ် ။ Bios ဖိုင်ဟာ Emulator နဲ့ဆော့သမျှဂိမ်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ဖိုင်ပါ ။ Android မှာဆိုလဲ ဒီ bios file ပဲသုံးရသလို PC မှာဆော့ရင်လဲ ဒီဖိုင်ကိုပဲ သုံးရတာပါ ။ ဘယ် Platform မှာဆော့ဆော့ Emulator သာကွာပြီး ကျန်တဲ့ Bios ဖိုင်တွေ Game ဖိုင်တွေဟာ အတူတူပါပဲ ။
ကဲ . . . Bios ဖိုင်ဒေါင်းပါမယ် ။ Bios တွေအများကြီးရှိတဲ့အထဲမှာ ကျွန်တော်က scph1001.bin ဆိုတဲ့ bios ကိုသဘောကျပါတယ် ။ Error မရှိသလောက်ကင်းပြီး Emulator တိုင်းနီးပါးနဲ့ အလုပ်လုပ်ပါတယ် ။ ဒါကြောင့် ဒီကောင်လေးကိုပဲ တင်ပေးလိုက်ပါတယ် ။

BIOS (Scph1001.bin) ဒေါင်းရန် >>
"https://copy.com/xAx9G2HV8DsX" >Copy Download Link
"http://www.mediafire.com/?ybo2g7e7j9d69mq" >Mediafire Download Link

ပြီးရင်တော့ Game ဖိုင်ပဲလိုပါတော့တယ် ။ ဖိုင်ဆိုက်ကြီးပါတယ် ။ 7zip နဲ့ချုံ့ထားပါတယ် ။
28Mb ရှိပါတယ် ။ ဒါကြောင့် ဒေါင်းပြီးရင် ဇစ်ဖြည်ဖို့လိုအပ်ပါတယ် ။ သင့်တော်ရာဆော့ဝဲလ်တစ်ခုခုအားအသုံးချပါလေ ။ ။
ဂိမ်းဖိုင်ဒေါင်းဖို့အတွက် MPT ကို မေတ္တာများများပို့ဖို့ မမေ့ပါစေနှင့် :P

Harvest Moon Back To Nature Game File ဒေါင်းရန် >>
"http://coolrom.com/dlpop.php?id=38533" >Coolrom Download Link
( ဆယ်စက္ကန့်စောင့်ပြီးရင် ဒေါင်းလုပ်လင့်ခ်ပေါ်လာပါမယ် ။ IDM နဲ့လဲ ဒေါင်းလို့ရပါတယ် )
"http://www.mediafire.com/download/2954x8ait5kkd2f/Harvest_Moon_-_Back_to_Nature.7z" >Mediafire Download Link

ကဲ . . . လက်နက်တွေစုံပြီဆိုရင် စပါမယ် ။ ပထမဆုံး ဒေါင်းထားတဲ့ FPse ဖိုင်ကို ဇစ်ဖြည်ပါ ။
ဖုန်းရဲ့ မန်မိုရီကဒ်အတွင်းသို့ သွင်းပါ ။ ( internal ဖြစ်ဖြစ် External ဖြစ်ဖြစ် ရပါတယ် )
ပြီးရင် bios ဖိုင်ကို ဖုန်းရဲ့ Internal Memory သို့သွင်းပါ ။ အကြံပေးချင်တာကတော့
PS1 ဆိုပြီး Folder လေးတစ်ခုလုပ်ပြီးထည့်ထားလိုက်တာပိုကောင်းပါတယ် ။ ပြန်ရှာရင်လွယ်တာပေါ့ ။
ပြီးရင် ဂိမ်းဖိုင်ကို ဇစ်ဖြည်ပါ ။ အထဲမှာ ဖိုင်လေးသုံးခုတွေ့ပါလိမ့်မယ် ။ bin ဖိုင်ရယ် cue ဖိုင်ရယ် txt ဖိုင်ရယ် သုံးခုပါ ။ အဲ့ထဲက bin ဖိုင်လေးကို ဖုန်းရဲ့ internal memory သို့ထည့်ပါ ။
စောစောက internal memory မှာ PS1 ဆိုတဲ့ ဖိုဒါလေး ဆောက်ထားခဲ့ရင် အဲ့ထဲကိုပဲ ထည့်ထားလိုက်ပါ ။ ပြီးတဲ့အခါ ပထမဆုံးထည့်ထားတဲ့ FPse Emulator ကို ဖုန်းမှာ အင်စတောလုပ်ပါ ။ မဖွင့်ပါနဲ့ဦး ။ FPse Activator ကို အင်စတောလုပ်ပါ ။ ပြီးရင် Activator ကိုအရင်ဖွင့်ပါ ။ Patch it ဆိုတဲ့ buttom လေးရှိပါတယ် ။ အဲ့ကောင်လေးကို နှိပ်ပါ ။
Root access တောင်းပါလိမ့်မယ် ။ Root Access ပေးလိုက်ပါ .။ ဒါဆိုရင် register write is successful ဆိုပြီး စာလေးတက်လာပါလိမ့်မယ် ။ ဒါဆိုရင် ရပါပြီ ။ ပြန်ထွက်လိုက်ပါ ။
ပြီးရင် ဂိမ်းကို ဖွင့်ပါ ။ ဖွင့်ဖွင့်ချင်းမှာ Video / Audio Plugin တွေဒေါင်းရပါမယ် ။ ဒါကြောင့် အင်တာနတ်လိုင်းလိုအပ်ပါတယ် ။ သိပ်မကြာပါဘူး ။ ခဏပါပဲ ။ 
Plugin တွေဒေါင်းပြီးသွားတဲ့အခါ . . . Language ရွေးရပါမယ် ။ ကိုယ်နားလည်တဲ့ဘာသာကိုရွေးပါ ။ ကျွန်တော်ကတော့ English ကိုပဲ ရွေးပါတယ် ။ :D
ရွေးပြီးတဲ့အခါ Easy ရယ် Advanced ရယ် ဘယ် Setting နဲ့သုံးမလဲဆိုပြီး မေးပါတယ် ။
Advanced ကိုရွေးလိုက်ပါ ။ ကျွန်တော်တို့တွေဟာ ဆရာကြီးတွေမဟုတ်လား  :P
ပြီးတဲ့အခါ ... Setting လေးတစ်ခုပွင့်လာပါမယ် ။
အဲ့ဒီမှာ ပထမအကြောင်းက Load Game .. ဒုတိယအကြောင်းက Boot Bios .. တတိယအကြောင်းက Setting ... စတုတ္ထအကြောင်းက Help .. အဲ့လိုပေါ်ပါမယ် ။
အဲ့ဒီမှာ Boot Bios ကိုအရင်ဝင်ပါ ။ Bios ရွေးဖို့အတွက် စောစောက bios ဖိုင်ထည့်ထားတဲ့ ဖိုဒါလေးဆီသွားပြီး scph1001.bin ကိုရွေးပေးလိုက်ပါ ။
ပြီးရင် Load Game ... အဲ့ဒီလိုပဲ စောစောက ကိုယ်ထည့်ထားတဲ့ ဖိုဒါလေးဆီသွားပြီး
harvest moon back to nature.bin ကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင် ဂိမ်း စလာပါလိမ့်မယ် ။
ဒါဆို အဆင်ပြေပြီမှတ်တယ် ။ ( ပြေကိုပြေမှာပါဗျာ . . ကျွန်တော်တို့တွေဟာ ဆရာကြီးတွေမဟုတ်လား  :P )

------------------------------------------------

ဒီတစ်ခါကတော့ Root မလုပ်ထားတဲ့ဖုန်းတွေအတွက်ပါ ။Root မလုပ်ထားတဲ့ ဖုန်းတွေကျတော့ လိုင်စင်ဖျက်တာတွေ ဘာတွေလုပ်လို့မရဘူးလေ  . . . ဒါကြောင့် လိုင်စင်ဖျက်စရာမလိုတဲ့ Emulator လေးသုံးပါမယ် ။ PlayStore မှာဆိုရင်တော့ ခြောက်ဒေါ်လာလောက်ပေးရမှာဗျ ။
ကျနော်ကတော့ အလကားပေးပါ့မယ် ။ ။  ကျွန်တော်လဲ ဈေးမည်းက သွားနှိုက်ထားတာကိုး  :P

PSX4Droid Emulator ဒေါင်းရန် >>
"https://copy.com/tlP6VrwmrSXl" >Copy Download Link
"http://www.mediafire.com/?101e9048dr355nb" >Mediafire Download Link

Bios ဖိုင်နဲ့ Game ဖိုင်ကတော့ အပေါ်မှာပေးခဲ့တဲ့ဟာတွေကိုပဲ ဒေါင်းလိုက်ပါ .
အတူတူပါပဲ ..

ပြီးရင် အထက်ကနည်းလမ်းအတိုင်း bios ဖိုင်နဲ့ game ဖိုင်ကို ဖုန်းရဲ့ internal memory ထဲထားပါ ။
psx4droid.apk ကို ဖုန်းမှာ အင်စတောလုပ်ပါ ။ ပြီးရင် ဖွင့်ပါ ။ သူက bios ထည့်ဖို့ပြောပါလိမ့်မယ် ။ ok နှိပ်ပါ ။ ပထမဆုံးဖွင့်တဲ့အခါ ဟန်းနေတတ်ပါတယ် ။ အဲ့ဒီအခါ ပြန်ထွက်ပြီး ပြန်ဝင်ပါ ။ bios ထည့်ဖို့ပြောပြီး Ok နှိပ်လိုက်ရင် Setting ပွင့်လာပါမယ် ။ အပေါ်ဆုံးမှာ PSX BIOS File ဆိုပြီးရှိပါတယ် ။ အဲ့နေရာကို နှိပ် ။ ပြီးရင် bios ဖိုင်ထည့်ထားတဲ့ ဖိုဒါလေးဆီသွားပြီး scph1001.bin ကိုရွေးပေးလိုက်ပါ ။ ပြီးရင် back တချက်နှိပ် ။ အဲ့ဒါဆိုရင် သူက Game File ရွေးဖို့ ပွင့်လာပါမယ် ။ အဲ့ဒီမှာ စောစောက ကိုယ် ဂိမ်းဖိုင်ထည့်ထားတဲ့ နေရာကနေ Harvest moon back to nature.bin လေးကို ရွေးလိုက်တာနဲ့ ဂိမ်းပွင့်လာပါမယ် ။ ဒါဆို အဆင်ပြေပြီပေါ့ဗျာ ။

------------------------------------------------------------------

ဒီတစ်ခါတော့ PC မှာ ကမြင်းဖို့ဗျာ  . . . . :D ဖုန်းမှာက စခွင်သေးတယ်မှတ်လား . PC ဆိုတော့ ပြူးနေအောင် ဆော့လို့ရတာပေါ့ ။ တခါတည်း အင်စတောလုပ်ပြီး တန်းဖွင့်ရတဲ့ဟာတွေရှိပေမဲ့ ကျနော်ကတော့ လမ်းရိုးအတိုင်းပဲ Emulator သုံးတဲ့နည်းကိုပဲ ပြောပါ့မယ် ။ ဒါမှ ဒိပြင်ဂိမ်းတွေဆော့ချင်တဲ့အခါ Game rom လေးတွေဒေါင်းပြီး စိတ်ကြိုက်ဆော့လို့ရတာပေါ့ ။ နောက်ဆုံး PC မှာ P1 Game ခွေထည့်ဆော့တောင်ရတယ်ဗျာ . . ဒါမျိုး ။ ကဲ . . PC အတွက် Emulator ဒေါင်းမယ်ဗျာ ။

PSX For PC ဒေါင်းရန် >>
"https://copy.com/iGczUxvpztXA" >Copy Download Link
"http://www.mediafire.com/?sepct00gpiih154" >Mediafire Download Link

Bios ဖိုင် နဲ့ Game ဖိုင်ကတော့ အထက်မှာ ပေးခဲ့တဲ့ဟာတွေပဲ ဒေါင်းပါ ။အတူတူပါပဲ ။
ဒေါင်းပြီးသားဆို ပြန်ဒေါင်းစရာမလိုတော့ဘူးးပေါ့ . . . .
ပြီးရင် PSX ဖိုင်လေးကို ဇစ်ဖြည်ပါ ။ အထဲမှာ ဖိုဒါလေးတွေအများကြီးရှိပါတယ် ။
အဲ့ဒီမှာ အပေါ်ဆုံးမှာ Bios ဆိုတဲ့ ဖိုဒါလေးရှိပါတယ် ။ အဲ့ဒီဖိုဒါလေးထဲကို scph1001.bin ကိုထည့်ပေးထားပါ ။ ပြီးရင် psxfin.exe ဖိုင်လေးကို Run ပါ ။ စတက်တက်လာချင်းမှာ သူက bios ဖိုင်တောင်းပါမယ် ။ အဲ့ဒီမှာ စောစောက bios ဖိုဒါထဲထည့်ထားခဲ့တဲ့ scph1001.bin ကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင် P1 စက်မှာ အခွေမထည့်ပဲ ဖွင့်သလိုမျိုးပွင့်လာပါမယ် ။
ဘယ်ဘက်အပေါ်ထောင့်က File ကို ကလစ်တချက်နှိပ်ပြီး Insert CD Image ကို နှိပ်ပါ ..
ပြီးရင် ဒေါင်းထားပြီးဖြစ်တဲ့ Harvest Moon back to nature.bin ကို ရွေးပေးလိုက်ပါ ..
ဂိမ်းစလာပါပြီ ။ PC မှာကျတော့ Android Phone မှာလို လက်ကွက်ပုံလေးတွေမပေါ်ဘူးဗျ ။
ကီးဘုတ်နဲ့ပဲ သုံးရတာကိုး ။ ။ ဒါကြောင့် ဘယ်ကီးက ဘယ်ခလုတ်ဆိုတာ ကိုယ်တိုင်သတ်မှတ်ထားလို့ရတယ်ဗျ ။ အဲ့လိုသတ်မှတ်မယ်ဆိုရင် စောစောက File ကိုပဲ ကလစ်တချက်နှိပ် ။ Configuration ထဲဝင် ။ အဲ့မှာ Controller ဆိုတဲ့ tab လေးထဲဝင်ပြီး ကိုယ်ကြိုက်တဲ့ ကီးကို ကိုယ်ကြိုက်တဲ့ခလုတ်သတ်မှတ်ပေးလိုက်ပါ ။ ဒါဆို အဆင်ပြေမှာပေါ့ ။
အဲ့ . . .  ဒီနေရာမှာ တစ်ခုရှိတာက Android ဖုန်းတွေမှာကျ ဂိမ်းကို Save မှတ်မယ်ဆိုရင် သူ့ဟာသူ အော်တို memory card ရှိနေပြီးသား ။ ကျွန်တော်တို့ PC မှာကျ ဒါမျိုးမရှိဘူး ။
ဒါကြောင့် Memory Card ဖန်တီးပေးရပါမယ် ။ Memory Card ဖန်တီးဖို့အတွက် File > Configuration ထဲဝင် ။ Memory Card ဆိုတဲ့ tab ထဲဝင်လိုက်ရင် အဲ့မှာ Slot1 နဲ့ Slot2 ဆိုပြီး
အကွက်လေး နှစ်ကွက်ရှိနေပါလိမ့်မယ် . အဲ့နှစ်ကွက်မှာ No card Insert ဆိုပြီးပဲ ပြပါလိမ့်မယ်
အဲ့ဒီအကွက်လေးတွေရဲ့ ဘေးမှာ ... ပုံစံ အစက်လေးသုံးစက်ရှိပါတယ် ။ ကိုယ်က Slot1မှာ
ထားချင်ရင် Slot1 ဘေးက အစက်လေးကို နှိပ်ပေါ့ ။ နှိပ်လိုက်ရင် Window တစ်ခုပွင့်လာပါမယ် ။ အဲ့ထဲမှာ txt ဖိုင်လေးတစ်ခုပဲရှိနေပါလိမ့်မယ် ။ ဘာမှမရှိလဲ စိတ်မပူပါနဲ့ ။
File Name ဆိုတဲ့အကွက်ထဲမှာ ကိုယ်ကြိုက်တဲ့ နာမည်တစ်ခုကို .mcr ဆိုတာလေးတွဲရိုက်ပြီး
OPEN ကို နှိပ်လိုက်ပါ ။ ဥပမာ . .  . . minlulin.mcr လို့ရေးပြီး Open ကိုနှိပ်ပေါ့ ။
ပြီးရင် Apply > Ok ...  ဒါဆိုရင် Slot1 မှာ Memory Card ရှိသွားပါပြီ ။ Save လုပ်လို့ရပါပြီ ။
ဒါဆို အဆင်ပြေပြီပေါ့ဗျာ . . . .

အခုကျွန်တော်ပြောသွားတာဟာ Harvest Moon ဆိုတဲ့ ဂိမ်းကိုပဲ ပြောသွားတာပါ ။
ဒိပြင်ဂိမ်းတွေ လိုချင် ဒေါင်းချင်ရင် . . . http://coolrom.com/roms/psx
အဲ့ဒီဆိုက်လေးမှာ စုံစုံလင်လင်ရှိပါတယ် ။
အထက်ကနည်းလမ်းအတိုင်းလုပ်ပြီး Game file ရွေးတဲ့နေရာမှာ ကိုယ်ဒေါင်းထားတဲ့ ကိုယ်ကြိုက်တဲ့ဂိမ်း ကိုယ်ရွေးရုံပါပဲ ။ ။ လုပ်ပုံလုပ်နည်းအတူတူပါပဲ ။

ကျွန်တော် Screen Shot တွေနဲ့ ပြချင်ပေမဲ့ Photo Attach မလုပ်တတ်လို့ တတ်နိုင်သမျှ စာနဲ့ပဲ ရှင်းအောင် တဆင့်ချင်းစီသေချာပြောပြထားပါတယ် ။ အဆင်မပြေတာရှိရင် ကျွန်တော့ကို မေးနိုင်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေဗျာ . . . .

( လက်ဆောင်အနေနဲ့ ခိုးထားတဲ့ Memory File လေးတင်ပေးလိုက်ပါတယ် ။ ဒါကတော့ ဥာဏ်ရှိသလို သုံးကြပါလေ >>>>  :D
https://copy.com/wfwyhc9pNzAF )

Credit to မင်းလုလင်

Samsung က Galaxy S5 ကို ကြေညာပြီ

Labels: 0 comments


Samsung က စွမ်းဆောင်ရည်မြင့် Galaxy S5 ကို Mobile World Congress မှာ ကြေညာလိုက်ပါတယ်။ အနောက်ဘက်က Galaxy Note 3 လို Leather နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် ဒီဇိုင်း ကအနည်းငယ် ကွာခြားပါတယ်။

အရင်က သတင်းတွေအရ 4K Display တပ်ဆင်ထားမယ်လို့ သိရပေမယ့် တကယ်တမ်းမှာ Galaxy S5 မှာ ၅.၁ လက်မ Full HD Super AMOLED 1080p Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် S5 ရဲ့ Specification များ က ကောင်းမွန်ပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM, 16 or 32 GB Storage တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ ကင်မရာက Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။

Samsung က ကင်မရာ ကို အလွန်ကောင်းမွန်အောင်ပြုလုပ်ပေးထားပါတယ်။ ၀.၃ စက္ကန့် အတွင်းမှာ Auto Focus ပြုလုပ်နိုင်င်ပါတယ်။ Real-Time HDR စွမ်းဆောင်ချက်ပါရှိလာပြီး ဓာတ်ပုံ၊ ဗီဒီယို များကို ရိုက်ကူးနေစဉ်မှာ HDR Effect ကို Live Preview ပြပေးနိုင်ပါတယ်။ Shot and More က ဓာတ်ပုံအများအပြားကို တစ်ပြိုင်နက် ရိုက်ကူးနိုင်ပြီး အကောင်းဆုံးပုံတစ်ပုံ ကို ရွေးချယ်နိုင်ပါတယ်။ Android 4.4 KitKat ကိုအသုံးပြုထားပြီး LTE အသုံးပြုနိုင်ပါတယ်။ အလွန်လျှင်မြန်တဲ့ WiFi 802.11ac standard ကို အသုံးပြုနိုင်ပါတယ်။

Galaxy S5 ဟာ ရေစိုခံနိုင်ပြီး IP67 စံနှုန်း သတ်မှတ်ချက်ရှိပါတယ်။ ရေအနက် သုံးပေ အထိ ယူဆောင်အသုံးပြုနိုင်ပါတယ်။ MWC မှာပဲ ကြေညာခဲ့တဲ့ Sony Xperia Z2 က IP58 စံနှုန်း သတ်မှတ်ချက်ရှိပြီး S5 လောက် ဖုန်မှုန့်ဒဏ် မခံနိုင်ပေမယ့် S5 ထက် နက်ရှိုင်းတဲ့ ရေအနက် ကို ယူဆောင်သွားလို့ရပါတယ်။

iPhone 5S မှာလိုပဲ Galaxy S5 မှာ Fingerprint Scanner ကို Home Button မှာ တပ်ဆင်ထားပါတယ်။ Scanner ပေါ်မှာ လက်ချောင်း ကို ပွတ်ဆွဲပြီး ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ ဒါပေမယ့် Samsung က စွမ်းဆောင်ချက်အနည်းငယ် ထပ်ဖြည့်ထားပါတယ်။ Documents များကို Password အစား လက်ဗွေရာ နဲ့ ကာကွယ်ထားလို့ရပါတယ်။ PayPal ကနေ ငွေလွှဲတာ ကိုလည်း Scanner ကိုအသုံးပြုနိုင်ပါတယ်။

S5 မှာ နှလုံးခုန်နှုန်း ကို တိုင်းတာ ပေးတဲ့ Sensor ပါရှိလာပါတယ်။ အနောက်ဘက်မှာ တပ်ဆင်ထားပြီး လက်ချောင်းများမှာ သွေးလည်ပတ်စီးဆင်းတဲ့နှုန်း ကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ဖြစ်ပေမယ့် Google Play Store မှာ ဒီလို စွမ်းဆောင်နိုင်တဲ့ ဆော့ဝဲ များ ရှိတယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။

S5 မှာ LTE နဲ့ WiFi ကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Download Booster စွမ်းဆောင်ချက်ပါရှိလာပါတယ်။ 600-650 Mbit/s အမြန်နှုန်း ရရှိမယ်လို့ သိရပါတယ်။ Power Saving Mode ကလည်း ဘက်ထရီသက်တမ်း ကို နှစ်ဆ အသုံးခံအောင်ပြုလုပ်ပေးနိုင်ပါတယ်။

S5 ရဲ့ ဒီဇိုင်း က ပြောင်းလဲသွားပေမယ့် အလွန်ပြောင်းလဲသွားတာတော့ မဟုတ်ပါဘူး။ အရှေ့ဘက် က Galaxy S4 နဲ့ ဆင်တူပါတယ်။ S5 ကို အရင်မျိုးဆက်တွေထက်ပိုမို ကြည့်ကောင်းအောင် ပြုလုပ်ထားပါတယ်။ အနက်ရောင်၊ အဖြူရောင် ၊ အပြာရောင် ၊ ရွှေရောင် တို့ ထုတ်လုပ်ပေးထားပါတယ်။

S5 ကို စမတ်နာရီများ နဲ့ အတူ အမေရိကန် မှာ ဧပြီလ မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ဈေးနှုန်း ကို Samsung က ကြေညာခြင်းမရှိသေးပါဘူး။

Themes

Labels: 0 comments

http://www.mediafire.com/download/5ibsztt741krvmj/upload.rar
 
ဒါလေးကတော့ toucher pro နဲ့ သူ့ရဲ့ themes လေးဒေပါ စုပီးထည့်ပေးထားပါတယ် toucher သုံးတဲ့ တယ်ရင်းဒေ လိုချင်သူများ ဒေါင်းပါ ခင်ည   ဒေါင်းလုပ်ဆိုဒ်= 16.02 MB 

Facebook Log Out လုပ်ဖို့ မေ့ခဲ့ရင်

Labels: 0 comments




အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် တခြားကွန်ပျူတာတွေမှာ ကိုယ့် Facebook အကောင့်ထဲကိုဝင်ပြီး ပြန်ထွက်ဖို့ မေ့နေတာမျိုး ဖြစ်တတ်ကြမှာပါ။

အကောင့်ပါသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီတစ်ချက်ကလည်း အဖြစ်များတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာ မလိုတော့ပါဘူး။

အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူတာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး သင့်အကောင့်ထဲကို Log In ဝင်လိုက်ပါ။

ဘယ်နေရာက ဘယ်ကွန်ပျူတာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။

ပြီးရင် ညာဘက် အပေါ်ထောင့်က စက်သွားလေးကို နှိပ်လိုက်ရင် Menu လေးတစ်ခု ကျလာပါလိမ့်မယ်။

အဲ့ထဲက Account Setting ကိုသွားပါ။

ထို့နောက် ဘယ်ဘက် အပေါ်နားလေးမှာရှိတဲ့ Security ဆိုတာလေးကို ရွေးလိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ထဲက အောက်ဆုံးနားမှာ ရှိတဲ့ Active Sessions ထဲကို ဝင်လိုက်ပါ။

အဲ့ဒီမှာ သင် Log In ဝင်ထားသမျှ နေရာတွေနဲ့ စာရင်းကို တွေ့ရပါလိမ့်မယ်။

End Activity ဒါမှမဟုတ် End All Activity ကို နှိပ်လိုက်မယ် ဆိုရင် သင်ဝင်ထားသမျှ စက်တွေအားလုံးမှာ Log Out လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အဆင်ပြေကြပါစေ ...
YoieYoie နည်းပညာနှင့်ဖုန်းဆာ့ဝဲ

ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်လေးကတော်တော်လေးကိုလေးစားဖို့ကောင်းပါတယ်ခင်ဗျား

Labels: 0 comments

မန်မာများအတွက်ဖေ့စ်ဘုတ် အခမဲ့ဖွင့်ပေးမည် ကအမှန်တစ်ကယ်ဖေ့ဘုတ်အကောင့်များကိုဖွင့်ပေးနေပါတယ်ခင်ဗျား၊ဖေ့ဘုတ်အကောင့်မရှိသေးသူများနဲ့ဖေ့ဘုတ်အကောင့်လော့ကျများကိုလည်းစေတနာဖြင့်လုပ်ဆောင်ပေးနေကြောင်းကိုကျွန်တော့်ကိုယ်တွေ့သိရှိလိုက်ပါတယ်ခင်ဗျား

ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်လေးကတော်တော်လေးကိုလေးစားဖို့ကောင်းပါတယ်ခင်ဗျား

ကျွန်တော် ဒီ Page လေးကိုတည်ထောင်တဲ့ ရည်ရွယ်ချက်ဟာ သားသမီးတွေ မကောင်းလို့ လမ်းဘေးမှာ ဈေးရောင်းနေရတဲ့ အဖိုးအဖွားတွေနဲ့ ပညာရေးချို့တဲ့နေတဲ့ ကလေးငယ်လေးတွေ အတွက် ကျွန်တော် တက်စွမ်းသမျှ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မို့ပါခင်ဗျာ
ထဲမှာ သူငယ်ချင်းများနဲ့ တစ်ခြားသော အကိုအစ်မများဘက်မှလဲ မိမိတို့တက်နိုင်တဲ့ဘက်မှ ၀ိုင်းဝန်း ကူညီပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ

ဒီ Page လေးကို Share ပေးခြင်း Like ပေးခြင်းဖြင့် လူသိများအောင် ကူညီပေးကြပါခင်ဗျာhttps://www.facebook.com/pages/လူမူကူညီရေးအဖွဲ့/252750118235434
အား




မြန်မာများအတွက်ဖေ့စ်ဘုတ် အခမဲ့ဖွင့်ပေးမည်

★★ Despicable Me v1.6.1b Modded Apk Unlimited Mod ★★

Labels: 0 comments

★★ Despicable Me v1.6.1b Modded Apk Unlimited Mod ★★



Despicable Me ဂိမ်းလေးကိုတော့အားလုံးသိကြမှာပါ။Unlimited Mod ဂိမ်းလေးပဲဖြစ်ပါတယ်။ပါဝင်တဲ့အ
ခန်းတွေကိုအောက်မှာပုံတွေနဲ့ပြထားပါတယ်။မိမိကြိုက်ရာ Language ကိုချိန်းလို့ရပါတယ်။Apk + Data
2လုံးတွဲပြီးတင်ပေးထားပါတယ်။"com.gameloft.android.ANMP.GloftDMHM" ကို copy လုပ်ပြီး sdcard/Android/data ထဲထည့်ပြီး Apk လေးကိုအင်စတောလုပ်ပြီးကစားနိုင်ပါပြီ။Android: 2.3 နှင့်
အထက်ကစပြီးကစားနိုင်ပါတယ်။



        How to change the Language Below

BMYKnpv.png v79cZCq.png

Gru’s loyal, yellow, gibberish-speaking Minions are ready for their toughest challenge in Despicable Me: Minion Rush.

Size: 250 Mb | Android: 2.3 and up

Play as a Minion and compete with others in hilarious, fast-paced challenges in order to impress your boss, (former?) super-villain Gru! Jump, fly, dodge obstacles, collect bananas, be mischievous, and defeat villains to earn the title of Minion of the Year!
AN INNOVATIVE AND ORIGINAL GAME:
• Encounter secret areas, unique boss fights and amazing power-ups.
• Experience custom animation and voice overs, and state-of-the-art 3D graphics.
• Enjoy multiple dynamic camera angles.
• Engage in various bonus gameplays:
  Destroy things as Mega Minion.
  Collect bananas riding the Fluffy Unicorn.
  Hang on to Gru’s Rocket for the ride of your life.
• Have fun with your friends! See their best scores during your run, send them funny Minion taunts and challenges to show them who’s going to win Minion of the Year!

Install apk
Extract and copy com.gameloft.android.ANMP.GloftDMHM map into /sdcard/Android/data/ COPY HERE
It should look like this /sdcard/Android/data/com.gameloft.android.ANMP.GloftDMHM
Launch the game. Online at First Run!

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို (တစ်နေ့မှ) တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။



Apk + Data file

http://adfoc.us/14251338377033 


★★နည်းပညာမြို့တော်★★





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ



လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ



စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Tango အကြောင်း သိကောင်းစရာ

Labels: 0 comments

Tango ဆိုတာကလည်း wechat,viber တွေလိုပါဘဲ.သူဟာနဲ့သူ
တစ်မျိုးဆီ သုံးလို့ကောင်းပါတယ်/Tango ရဲ့အကြောင်းလေးကို
ရှင်းပြပါမယ်။ Tango မှာဆိုရင်တော့ ဘာတွေ ပါဝင်လဲ ဆိုရင်တော့
Tango သုံးသူအချင်းချင်း အသံမက်ဆေ့ပို့လို့ရတယ်။အရင်တုန်းက
အသံမက်ဆေ့ မပါဝင်လာပါဘူး။နောက်ဆုံးဗားရှင်းကြမှ အသံမက်ဆေ့
ပါဝင်လာတာကိုတွေ့ရပါတယ်။Tango အချင်းချင်း အွန်လိုင်းရှိယုံနဲ့
ဖုန်းအလကားပြောလို့ရမယ်၊အသံမက်ဆေ့ပို့လို့ရမယ်၊ပြီးတော့ စာရိုက်
ပြီးတော့လည်း မက်ဆေ့ပို့လို့ရပါလိမ့်မည်။ထူးခြားချက်အနေနဲ့ကတော့
Video calling ပါပြောလို့ရပါတယ်။ Video calling ဟာ ဗားရှင်းအနိမ့်
ကစတင်ပြီးတော့ ထည့်ပေးထားတာဖြစ်ပါတယ်။ဒီဆော့ဝဲကိုတော့ အမေ
ရိကန်လူမျိုးတွေ အသုံးပြုကြတာ များပါတယ်။နောက်ထွက်တဲ့ ဗားရှင်းမှာ
ထူးခြားချက်အနေနဲ့ Feature တစ်ခုပါဝင်လာတာကိုတွေ့ရပါတယ်။အဲဒီ
ထူးခြားချက်ကတော့ အ၇င်တုန်းက မိမိက Tango နဲ့ မက်ဆေ့ပို့လိုက်ရင်
သူ့ဘက်က ချက်ချင်း မမြင်ရပါဘူး။ Tango software ကို ဖွင့်လိုက်တော့
မှ မြင်ရမှာ ဖြစ်ပါတယ်။အခုထွက်တဲ့ ဗားရှုင်းရဲ့ ထူးခြားချက်ကတော့ မိမိ
ဘက်က Tango နဲ့ မက်ဆေ့တွေ အသံမက်ဆေ့တွေပို့လိုက်ရင် သူ့ဘက်က
အွန်လိုင်းဖွင့်ယုံနဲ့ အဲဒီမက်ဆေ့က ဖုန်းအပေါ်မှာ ရောက်နေမှာ ဖြစ်ပါတယ်။
Viber လို ပုံစံမျိုးရောက်နေမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ဗားရှင်းအနိမ့်ကို Install လုပ်ပေးပါ ပြီးပြီဆိုရင် မိမိနိုင်ငံကိုရွှေး
ပါ ပြီးရင် မိမိဖုန်းနံပတ်ကိုထည့်ပါ 0943xxxxxxx ပြီးရင် အောက်မှာ မိမိ
နာမည်ကိုထည့်ပေးပါ Sing Up ကို နှိပ်လိုက်ရင် ရပါပြီ သူ့ရဲ့အားသာချက်
ကတော့ activate လုပ်တာ ဘာမှ မလိုပါဘူး ဖုန်းလဲပြန်မလာပါဘူး မက်ဆေ့
လည်း ပြန်မလာပါဘူး အဲဒီဖုန်းနံပတ်လေးနဲ့ မိမိရဲ့ နာမည်ကိုထည့်ပေးလိုက်
တာနဲ့ Activate လုပ်ပြီးသွားပါလိမ့်မည်။
Tango ရဲ့ Contact ထဲမှာ Tango ရှိတဲ့ သူငယ်ချင်းတွေ ဖော်ပြပါလိမ့်မည်
phone contact ထဲမှာ မိမိရဲ့ သူငယ်ချင်းနာမည်နဲ့ ဖုန်းနံပတ်ကို မှတ်ထား
လိုက်တာနဲ့ တစ်ပြိုင်နက် Tango ရဲ့ Contact ထဲမှာလည်း မြင်ရမှာ ဖြစ်ပါတယ်
ဒါပေမဲ့လည်း အဲလူကလည်း Tango သုံးထားမှ ရမှာ ဖြစ်ပါတယ်
Tango မှာဆိုရင်တော့ ဓာတ်ပုံတွေပို့လိုရတယ် ဗီဒီယိုဖိုင်တွေပို့လို့ရတယ် ဖုန်း
အလကားပြောလို့ရတယ် အသံမက်ဆေ့လည်း ပို့လို့ရတယ် video call လည်း
အလကားပြောလို့ရပါတယ်နော် သုံးကြည့်ပါ အဆင်ပြေပါလိမ့်မည်
နော်ထွက်တဲ့ ဗားရှင်းမှာဆိုရင်တော့ Facebook to Connect ဆိုတာပါလာပေ
မဲ့ Facebook နဲ့ Join လို့မရဘူး ဖြစ်နေပါတယ်။
ဘာဘဲဖြစ်ဖြစ် နိုင်ငံခြား ရောက်နေသူတွေ နယ်ဝေးရောက်နေသူတွေလည်း Tango
လေးက သုံးလို့ကောင်းတယ်ဆိုတာကို အသေးစိတ် အချက်အလက်က အစ တင်ပြ
ပေးလိုက်ပါတယ်။(အောင်မင်းဟန်)
Tango 2.2 ဗားရှင်းကို အရင် Install လုပ်ပေးပါ။ ပြီးရင် အပေါ်က ပြောတဲ့အတိုင်း
activate လုပ်ပေးပါ

http://www.mediafire.com/download/k7ysi8ji2yc6obp/Tango_Text,_Voice,_Video_Calls.apk

 


အပေါ်က ဟာကို Activate လုပ်ပြီးပြီဆိုရင် အောက်က ဗားရှင်းကို sd card ထဲထည့်
ပြီးတော့ Install ထပ်လုပ်ပေးလိုက်ပါ နောက်ဆုံးဗားရှင်း 3.2 ဖြစ်သွားပါလိမ့်မည်။
ဘာဖြစ်လို့ နောက်ဆုံးဗားရှင်းကို တစ်ခါတည်း မသုံးခိုင်းရတာလဲ ဆိုရင်တော့ နောက်ဆုံး
ဗားရှင်းမှာ activate လုပ်ရတာ နည်းနည်းခက်နေလို့ပါ အဲဒါကြောင့်ပါ

http://www.mediafire.com/download/8luff1ogw6629e2/Tango_Messenger_Video_amp_Calls_3_2_68852.apk

 

အောင်မင်းဟန်

Aung Min Han

 
Welcome To yoieyoie Copyright © 2013| Designed by yoieyoie